Search Engine မှာရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို လူသိများအောင်လုပ်တဲ့နည်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ဝက်ဘ်ဆိုဒ်တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ဆိုဒ် ဂူးဂယ်မှာ ရှာလို့ရနိုင်ပြီလား စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ ဒီလင့် လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အောက်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင် Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark လုပ်တာအောင်မြင်သွားပါပြီ။
အဆင်ပြေကြပါစေနော်....
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
0 comments:
Post a Comment